ကလေးမြို့နယ် ဆည်တော်ဦးကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကလေး ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်-၃၊ နိုင်ငံသားစိစစ်ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလေးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်စိုးက ပန်းခင်းစီမံချက်အဆင့်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်များကို ဆည်တော်ဦးကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ သဖန်းအိုင်ကျေးရွာနှင့် အောင်မြင်သာကျေးရွာများမှ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူ (၁၅၆) ထံ ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)