ဖြူး ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆောင်းပဲသီးနှံစိုက်ပျိုး၍ ဒေသအတွင်း ရိက္ခာဖူလုံရေး၊ တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖြင့် ဝင်ငွေတိုးပွားရေးရည်ရွယ်၍ ယခုနှစ် ဆောင်းပဲသီးနှံမျိုးစုံ ၁၂၅၂၀၂ ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ၁၄၃၄၉၃ ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက် ပြည့်မီကျော်လွန်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ဆောင်းပဲသီးနှံများဖြစ်သည့် မတ်ပဲ ၉၈၂၁၉ ဧက၊ ပဲတီစိမ်း ၁၆၁၁၂ ဧက၊ ပဲနောက် ၅၃၁၄ ဧက၊ ဘိုကိတ် ၆၂၆ ဧက၊ ပဲကြီး ၂၃၅ ဧက၊ စွန်တာနီ ၆ ဧက၊ ကုလားပဲ ၂၇ ဧက၊ ပဲလွမ်း ၄၆၆၃ ဧက၊ စုစုပေါင်း ပဲမျိုးစုံ ၁၂၅၂၀၂ ဧကစိုက်ပျိုးသွားနိုင်ရေး လျာထားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့်ဒေသခံတောင်သူများပူးပေါင်း၍ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များဖြင့်စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်များဖြင့်ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအရ မတ်ပဲ ၁၀၆၂၈၇ ဧက၊ ပဲတီစိမ်း ၁၇၆၁၃ ဧက၊ ပဲနောက် ၈၃၁၁ ဧက၊ ဘိုကိတ် ၇၁၁၄ ဧက၊ ပဲကြီး ၂၃၅ ဧက၊ စွန်တာနီ ၆ ဧက၊ ကုလားပဲ ၂၇ ဧက၊ ပဲလွမ်း ၃၉၀၀ ဧက၊ စုစုပေါင်း ၁၄၃၄၉၃ ဧကကို လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)