ဇလွန်မြို့နယ်တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်

ဇလွန် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းက မီးဘေးလုံခြုံရေးအပြင် အခြားသောသဘာဝဘေးကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံကြိုးချည်နည်းများ၊ ရေတွင်းအသက်ကယ်နည်းစနစ်များ၊ အသက်ရှုကိရိယာ အသုံးပြုနည်းစနစ်များစသည့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအား လက်တွေ့ကိုင်တွယ် အသုံးပြုနိုင်ရန် စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည့် ဘာသာရပ်များကို ကြိုးစားသင်ယူသွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို မြို့နယ်အတွင်းရှိ သင်တန်းသား(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို (၆.၁.၂၀၂၅)ရက်နေ့မှ (၃၁.၁.၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)