ဇလွန်တွင် အ.ထ.က(၁) ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဇလွန် ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အ.ထ.က(၁)ဇလွန်တွင် ပညာရေးစုံညီပွဲတော် (School Family Day) အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပညာရေးစုံညီပွဲတော် (School Family Day) အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက (၂၀၂၃-၂၀၂၄)နိုင်ငံတော်အဆင့် နှစ်ထပ်ကွမ်းလူရည်ချွန်၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး(စန္ဒယား)ခရိုင်အဆင့်ပထမ၊ တိုင်းအဆင့်ပထမ၊ ဗဟိုအဆင့်ဒုတိယ၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး (အဆို)ခရိုင်အဆင့်ပထမ၊ တိုင်းလက်ရွေးစင် စားပွဲတင်တင်းနစ် အားကစားသမားများ၊ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ (၂၀၂၄ - ၂၀၂၅)ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ဆု ရရှိသူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ၂၀၂၄ ခုနှစ် ( ၅၃)ကြိမ်မြောက် နိုင်ငံတကာ လူငယ်များပေးစာရေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဝေယံ(ပြန်/ဆက်)