ရွှေတောင် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဒေသခံစိုက်ပျိုးရေးတောင်သူများအနေဖြင့် ဆောင်းရာသီ သီးပင်စားပင်နှင့် နှစ်ရှည်ပင်များနှစ်စဥ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ဒေသခံစိုက်ပျိုးရေးတောင်သူများအနေဖြင့် နှစ်စဥ်ဆောင်းရာသီ သီးပင်စားပင်များအဖြစ် ဘူးသီး၊ ပဲတောင့်ရှည်၊ သခွား၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီ၊ ဆလက်ရွက်၊ ပန်းမျိုးစုံနှင့်ရှည်ပင်များဖြစ်သည့် မာလကာသီးပင်၊ အာဆီယံသပြေပင်တို့ကို စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဒေသထွက်သီးပင်စားပင်များကို စိုက်ခင်းတွင် ရောင်းချခြင်း၊ နယ်မြို့များဖြစ်သည့် ပြည်၊ ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ ရန်ကုန်အစရှိသည့် မြို့များသို့တင်ပို့ရောင်းချလျက်ရှိရာ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)