ဖျာပုံ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၅)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား အသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများနှင့် အမျိုးသားအားကစားပွဲတော်တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်းလင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးဦးထွန်းလွင်နှင့် ကျောင်းအုပ်၊ ဆရာကြီး၊ ဆရာမကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြရာ ဆုရရှိကြသောကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ထို့နောက် မြို့ပေါ်အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက" စုံညီပွဲတော်တူနွှဲပျော်" "လောက အားမာန်"၊ "ထာဝရသစ္စာ" စသောတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)