ကျောင်းကုန်း ဇန်နဝါရီ ၆
၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေး ပွဲအခမ်းအနားကိုကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားကို အ.ထ.က(ခွဲ)အောက်ပိုင်းကျောင်းသားကျောင်းသူများမှ “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင့်ဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ထပ်ဆင့်ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ချီးမြှင့်သော တိုင်းဒေသကြီးအဆင့်(အထူးဆု)အဖြစ် “စဉ်ဆက် မပြတ်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု” ရရှိသည့် အ.မ.က ဒေါင့်ကွေးကျောင်း အုပ်ဆရာကြီး ဦးထွန်းနိုင်လင်းအား ဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ အ.ထ.က (၁) ကျောင်းသူများက “မမပုသိမ်သူ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အ.မ.က (မြို့မ)ကျောင်း သားများက “ရေအိုးလေးတော့ကွဲသွားပြီ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။
ထို့နောက် ဆုရရှိကြသူများအား ဆုများချီးမြှင့်ခဲ့ပြီး၊ အ.လ.က(ပျားဇလက်)မှ Grade 6 ကျောင်းသူ မထရေစီဖန်းက “မြင့်မြတ်နှလုံးသားပိုင်ရှင်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ အ.မ.က(မြို့မ) ကျောင်းသူလေးများက “ရတနာပုံ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အ.ထ.က (ခွဲ)အောက်ပိုင်း ကျောင်းသား/သူများက “ထာဝရမြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)