ဟင်္သာတ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ "ဟင်္သာ" ခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မ့ာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်းများမှ နိုင်ငံတော်အဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်တို့တွင် ဆုရရှိသော လူရည်ချွန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဆရာကြီး ဦးထင်အောင်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ တေးသီချင်းများ၊ အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေမှုတို့အား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဟင်္သာတ မြို့နယ်ပညာရေးဌာနအနေနှင့် နိုင်ငံတော်အဆင့်ဆုရရှိခဲ့သူ ၄ ဦး၊ တက္ကသိုလ်ဝင်အောင်ချက်အကောင်းဆုံးဆု ၆ ဆု၊ တိုင်းအဆင့်ထူးချွန်ဆု ၁၂ ဆု ၊ဗဟိုလူရည်ချွန် ၆ ဆု၊ မြို့နယ်လူရည်ချွန် ၈ ဆု၊စာပေထူးချွန်ဆု ၁၈၀ ဆု၊ အားကစားနှင့်ဂီတထူးချွန်ဆု ၆၃ ဆု စုစုပေါင်း ၂၈၃ ဆုတို့ကိုပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ ဆရာ/မများ၊ ဆုရရှိသော ကျောင်းသား/သူများနှင့် ကျောင်း သားမိဘများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)