ရေတာရှည် ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အ.ထ.က ရေတာရှည်ကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပညာရေးစုံညီပွဲတော်ကို နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးမှ ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းအဆင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စသည့်ပြိုင်ပွဲ အသီးသီးမှဆုရရှိသူများအား ဆုများဆက်လက်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးနှင့် အခြေခံပညာကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)