ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံးကျေးရွာချင်းဆက်လမ်း ၁၁/ဝ မိုင် ပြင်/ ထိန်းလုပ်ငန်း ဆောင်ရွက်

ထားဝယ် ဇန်နဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်လမ်း ၁၁/ဝ မိုင် ပြင်/ ထိန်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) မှ ဒေသကြီးကြပ်ရေးမှူး ဦးစိုးမင်းအုန်းနှင့် မြိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီး ကျေးရွာအုပ်စု၊မော်တုံးကြီး-တောင်သုံးလုံးကျေးရွာချင်းဆက်မြေသားလမ်း ၁၁/၀ မိုင် ပြင်ထိန်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအား သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်ရန်  တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အဆိုပါလမ်းပိုင်းအား ဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ဒေသ ချိတ်ဆက်၍ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာ ၅ ရွာနှင့် ကျေးရွာနေပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားရေးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ကျော်ကျော်လတ်