သရက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန် မြှင့်ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြခံမူလတန်းကျောင်း မီးသွေးဖုတ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးမှူးအဆင့်(၁) ဦးအောင်ဝင်းက တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းစီမံချက်ပါ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ချောင်းဆိုးနေတာ (၂)ပတ်ကျော်ကြာနေပြီလာ၊ ချောင်းဆိုးရင်သွေး၊ သလိပ်ပါနေသလား၊ တငွေ့ငွေဖျားပြီး ညဘက်ချွေးအလွန်ထွက်နေပါသလား၊ အစာစာချင်စိတ်မရှိဖြစ်နေပါသလား၊ ကိုယ်အေလေးချိန်လျော့ကျသွားပါသလဲ၊ ကျော(သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်းဂျိုင်း(သို့)ပေါင်ခြံမှာ အကြိတ်ထွက်နေပါသလား စသည်တို့ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)