ငဖဲ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံဆောင်းနှမ်း စိုက်ဧက ၁၂၀ ကို စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းနှမ်းလျင်စိုက်ပျိုးရာတွင် ကျေးရွာအုပ်စုများမှ တောင်သူများ၏ ယာမြေများ၌ အထွက်နှုန်း ကောင်းမွန်သည့်မျိုးများကို ၂၇၆ ဧက စိုက်ပျိုးရန်လျာထားရာ ယနေ့ထိ သိပ္ပံနှမ်းနက် စိုက်ဧက ၅၇ ဧက၊ ဆင်းရတနာ-၁၄ ၃၃ ဧကနှင့် ဆင်းရတနာ-၁၂ ၃၀ ဧက စုစုပေါင်း စိုက်ဧက ၁၂၀ ကို ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ပြည့်မီ ရေးဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခင်နှစ်က ဆောင်းနှမ်း ၂၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ပျမ်းမျှ ၆.၇၃ တင်း ထွက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော ဆောင်းနှမ်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေး၊ လျာထားချက်ပြည့်မီ အောင်စိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် တောင်သူများ အနေဖြင့် စနစ်တကျမြေပြုပြင်ခြင်း၊ စိုက်နည်းစနစ်၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းပေးရေး၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မယု(ငဖဲ)