နတ်မောက် ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်းဘုတ်များ လိုက်လံစိုက်ထူခြင်းကို ယမန်နေ့က သီရိမင်္ဂလာလမ်းနှင့် အောင်သုခလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်းဘုတ်များ စိုက်ထူရာတွင် ယာဉ်ကြီး၊ ယာဉ်ငယ်များမောင်းနှင်ရာ၌ စည်ကမ်းရှိစွာ မောင်းနှင်စေရန်နှင့် ယာဉ်တိုက်မှုမရှိစေရန် တစ်လမ်းမောင်းစနစ်ဖြင့် အဝင်/အထွက် လမ်းညွှန်မှုနှင့် လမ်းကျဉ်းများတွင် ယာဉ်များဝင်ရောက်မှုမရှိစေရန် လမ်းအမှတ်အသားဆိုင်းဘုတ်စိုက်ထူခြင်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိတို့က လိုက်လံကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း