(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပေါင်းတည် ဇန်နဝါရီ ၅

၂၀၂၅ ခုနှစ် (၇၇ )နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ပေါင်းတည်အကျဉ်းဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁/၂၀၂၅)၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-ကျင့် ၁၀၄(၁)အရ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား ၅၁ ဦး၊ အကျဉ်းသူ ၁၁ ဦး စုစုပေါင်း ၆၂ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြသည်။

အဆိုပါထောင်လွတ် အကျဉ်းသား၊ အကျဉ်းသူများအား ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်နိုင်၊ ပေါင်းတည်အကျဉ်းဦးစီးဌာနတာဝန်ခံ ဦးစိုင်းခမ်းမောင်နှင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းတို့က ဆုံးမသြဝါစကားအသီးသီး​ ပြောကြားပြီးနောက် နေ့လယ် ၁၂ နာရီတွင် နေရပ်အသီးသီးသို့ တာဝန်ရှိသူများက ပြန်လည် စေလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)