မြန်အောင် ဇန်နဝါရီ ၅
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ပြည်သူ့ရင်ပြင် လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဦးဆောင်၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ပြီး တက်ရောက်လာကြသော မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံတော်အလံအား အလေးပြု၍ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့်တပ်ဖွဲ့ဝင်များအား အလေးပြုခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)