ညောင်လေးပင် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့နယ် အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာအ.ထ.က(၂) အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး လက်ထောက်မြို့နယ် ပညာရေးမှူး ဒေါ်ရည်လေးမြင့်က အဖွင့်အမှာစကားပြောကြားပေးကာ၊ အ.ထ.က(၂) အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသက်မျိုးအောင်က ပညာရေးဆိုင်ရာ အချက်အလက်များနှင့် စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများ ရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူတို့မှ ကျောင်းသားကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့်ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပညာရေးစုံညီပွဲတော်သို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)