ဆားမလောက်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၌ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အခမ်းအနားကျင်းပ

ညောင်တုန်း ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်စခန်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင့်-၄၀၁(၁)အရ ပြစ်ဒဏ်ကျခံနေသော အကျဥ်းသား(၄၃)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စခန်း၏ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး‌မျိုးကျော်စိုး၊ အဖွဲ့ဝင်(၂)ဦးဇော်လွင်၊ အတွင်းရေးမှူး ရဲမှူး စိုးဝင်း၊ အကျဥ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေမျိုးလှိုင်တို့က အကျဉ်းသားများအား တွေ့ဆုံ၍ ဆုံးမဩဝါဒ စကားများပြောကြားပြီး လွတ်ငြိမ်းခွင့်လက်မှတ်များ၊ ခရီးစရိတ်ငွေများနှင့် ထောက်ပံ့ငွေများပေးအပ်၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)