ကျိုက်လတ် ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ၁၀ ဖြတ်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက် (၈) နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာတွင် မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ ရပ်လျက်အလျားခုန် ပြိုင်ပွဲ၊ သံလုံးပစ် ပြိုင်ပွဲများအား ကျား၊မ ခွဲ၍စီစဉ်ကျင်းပခဲ့ပြီး ပြိုင်ပွဲများသို့ ကျိုက်လတ်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်