ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပမှု လိုက်လံကြည့်ရှုအားပေး

ဖျာပုံ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖျာပုံမြို့ ပြည်သူ့အားကစားကွင်းကြီးနှင့် ရပ်ကွက်/ကျေးရွာများတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်ကျင်းပခဲ့ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ လိုက်လံကြည့်ရှုအားပေးရာတွင် ဖျာ​ပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်​မောင်ဝင်းနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများဖြစ်သော လွန်ဆွဲပြိုင်ပွဲ၊ မီတာ(၁၀၀/၂၀၀/၄၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်အပြေးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲများနှင့် အခြားအားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ယှဥ်ပြိုင်နေကြသော အားကစားသမားများအား လိုက်လံကြည့်ရှုအားပေးခြင်းနှင့် ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ဖျာပုံခရိုင် (ပြန်/ဆက်)