ငါးသိုင်းချောင်း ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လ်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "စုံညီပွဲတော်တို့နွှဲပျော်"တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရေကြည်မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးဦးခင်ဌေးက သင်ကြားမှုနှင့် သင်ယူမှုအပိုင်းတွင် မိဘ၊ ဆရာပူးပေါင်းလက်တွဲမှ ကျောင်းသားသူများ၏ ပညာကဏ္ဍမြင့်မားမှာဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများကလည်း ကိုယ်တိုင်ကြိုးစားသင်ယူသင့်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေဦးက ပညာရေးစုံညီပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ ပြောကြားပြီးနောက်၊ ဆုများချီးမြှင့်ပေးအပ်ရာ တက္က သိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများ၊ မြို့နယ်အဆင့် ဘက်စုံစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်သူများ၊ ကျောင်းတွင်းစာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ထူးချွန်သော ကျောင်းသား/သူများအားလုံးကို တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ပြီး၊ ကျောင်းသား/သူများက ပဒေသာကပွဲများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ရေကြည်မြို့နယ် ပညာရေးမှူးရုံးမှ ပညာရေးမှူးဦးခင်ဌေးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)