တောင်တွင်းကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၄

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံတင် အခမ်းအနားကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာနရုံး ရှေ့ကွင်းပြင်တွင် ယနေ့နံနက်(၄)နာရီ(၂၀)မိနစ်အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ တိုင်ထိပ်သို့လွှင့်တင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများက အတူတကွစုပေါင်းအလေးပြုခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)