အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

အောင်လံ ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်း ဗိုလ်လုပွဲပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ ညနေ ၄ နာရီက အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆုများချီးမြှင့်ရာ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကဲကဲအသင်းအား  အေးမေတ္တာရွှေဆိုင်မှလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် ဖြိုးမောင်အသင်းအား ကုန်သည်ကြီးများအသင်း ဦးစန်းလွင်မှလည်းကောင်း၊ တတိယဆုရရှိသည့် ဘူကြောင်အသင်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က အသီး သီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)