ချောက်မြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

ချောက် ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ချောက်ခရိုင် စုပေါင်းရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်၍ နံနက်(၇)နာရီတွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမိုး‌ ဇော်နိုင်က ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ချောက်ခရိုင်အတွင်းမှဆုရရှိသည့် အားကစားသမားများ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းစာစီစာကုံးနှင့် ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုး‌ဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးမန်းအောင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်း၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ​မြို့နယ်အုပ်ချုပ်​ရေးမှူးဦးစိုးလွင်နှင့်အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ​​​ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)