မြို့သစ်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

မြို့သစ် ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သည့် မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊  ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း"  သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က အဖွင့်အမှာစကား‌ ပြောကြားပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စောစောနွယ်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်

ဆက်လက်၍ မြို့နယ်ပညာရေးမှူးနှင့် ခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်တွင် အားကစားထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆု ရရှိသူဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်သီချင်း“ဖြင့် အခမ်းအနား တက်ရောက်လာကြသူများအား သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)