ထားဝယ် ဇန်နဝါရီ ၄
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်တို့က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတို့က ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုပြကွက်များနှင့် မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာ ပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများ၊ ပိုလီတက္ကနစ်တက္ကသိုလ်(ထားဝယ်)မှ ပြသထားသည့် Product Show သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းနှင့် Reference Book များ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများ၊ စသည့် ပြခန်း(၁၃)ခန်းအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွေးမြူရေးပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်းပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆု ရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
(၇၇)နှစ်မြောက် အထိမ်းအမှတ် ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများက ပြခန်းများကို စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းကို ဇန်နဝါရီ ၅ ရက်နေ့အထိ ပြခန်းများအား ခင်းကျင်းပြသပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက် နှင့် ၅ ရက်နေ့ ညနေပိုင်းတွင် ဒေသခံ ပြည်သူများအား စင်တင်တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)