စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား/သမီး မီနီမာရသွန်ပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲ ကျင်းပ

မုံရွာ ဇန်နဝါရီ ၄

၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား/သမီး မီနီမာရသွန် ပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ ပြိုင်ပွဲယှဉ်ပြိုင်ရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မြို့နေပြည်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသား/သမီး မီနီမာရသွန်ပြိုင်ပွဲအား တာထွက်အချက်ပြကာ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်မီနီမာရသွန် အားကစားသမားများမှ ပြည်ထောင်စုရင်ပြင်မှ စတင်ထွက်ခွာ၍  အနောက်ကန်သာယာကန်အား ၃ ပတ်အကွာအဝေး ၃ မိုင်ပတ်၍ ယှဉ်ပြိုင်ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း/ အမှုထမ်းများက အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်သို့ ပြိုင်ပွဲဝင် မီနီမာရသွန် အားကစားသမားများ ပန်းဝင်လာမှုအား တစ်ပျော်တစ်ပါး ကြည့်ရှုအားပေး ကြိုဆိုကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးတွင် အမျိုးသား/သမီး စက်ဘီးပြိုင်ပွဲယှဉ်ပြိုင်နေများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများမှ အနောက်ကန် သာယာကန်အား ၅ ပတ် အကွာအဝေး ၅ မိုင်ပတ်၍ ပန်းဝင်လာကြသည့် စက်ဘီးပြိုင် ပွဲဝင်အားကစားသမားများအား သောင်းသောင်းဖျဖျ ကြိုဆိုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)