ဟင်္သာတ ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စံပြမိခင်နှင့်ကလေးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က စံပြမိခင်နှင့်ကလေးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကလေးငယ်များ ကောင်းမွန်စွာဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မွေးကင်းစမှ အသက်(၆)လအောက် ကလေးများ ၊ အသက်(၆)လမှ (၁)နှစ်အထိ ကလေးများ၊ အသက်(၁)နှစ်မှ အသက်(၂)နှစ်အထိ ကလေးများနှင့် မိခင်များ စုစုပေါင်း (၆၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင် မိခင်နှင့်ကလေးငယ်များကို ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦး၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်အိအိခင် ဦးဆောင်သော အဖွဲ့ဝင်များက လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)