စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ ပြပွဲနှင့်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ ဇန်နဝါရီ ၄

၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ ပြပွဲနှင့်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်ဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် MSME များဖြစ်သည့်တွက်လုပ်ငန်းများ ပိုမိုရှင်သန်လာစေရန် အရင်းအနှီးအတွက် ချေးငွေများရရှိရေး၊ ကုန်ကြမ်းရရှိရေး နှင့်လျှပ်စစ်မီးရရှိရေး၊ စက်မှုဇုန်များနှင့် MSME လုပ်ငန်းအုပ်စုဇုန်များ၏ အခြေခံဆောက်အဦများ တိုးတက်ကောင်းမွန်ရေးစသည့် လိုအပ်ချက်များအား တတ်နိုင်ဆုံး ဖြေလျှော့ပေးမှု/ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များသည် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများစွာအား ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာအရေးပါသကဲ့သို့ ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါပါကြောင်း၊ ဒါ့အပြင်ကုန်ထုတ်လုပ်မှု ကွင်းဆက်(Supply Chain)အား ပေါင်းစည်းပေးသည့်နေရာများနှင့် ပြည်ပပို့ကုန်မြင့်တင်ရေးတို့တွင်လည်း အဓိကအခန်းမှ ပါဝင်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်း‌ဒေသကြီးအတွင်းရှိ MSME များပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လုပ်ငန်းပေါင်း (၃၅၀)အား စုစုပေါင်းငွေကြေး အရင်းအနှီးအတွက် ချေးငွေ(၁၀.၅၄၁) ဘီလီယံ ပံပိုးပေးထားပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ရွှေ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကိုကိုလွင်နှင့် တိုင်းဒေသကြီး မုန့်လုပ်ငန်းစုံတာဝန်ခံ ဦးသက်ထွေးအောင်တို့က ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများအတူ အဆိုပါမုဒ်ဦးရှေ့တင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ကလေးခရိုင်/ စစ်ကိုင်းခရိုင်/ ရွှေဘိုခရိုင်/ ရေဦးခရိုင်/ မုံရွာခရိုင်များအတွင်းရှိ မြို့များမှထွက်ရှိသည့် လူသုံးကုန်ပစ္စည်းပြခန်း၊ ပရိဘောဂပစ္စည်းပြခန်း၊ မီးဖိုချောင်သုံးပစ္စည်းပြခန်း၊ စိုက်ပျိုးရေးသုံးပစ္စည်းပြခန်း၊ စားသောက်ကုန်ပစ္စည်းပြခန်း၊ အဝတ်အထည်ပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စားသောက်ဆိုင်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဈေးရောင်းပွဲတော်သို့ လာရောက်ရောင်းချ/ပြသကြသည့် လုပ်ငန်းရှင်များနှင့် ဈေးရောင်ပွဲတော်သို့ လာရောက်သူများအား ရင်းရင်းနှီးနှီးမိတ်ဆက်စကားများ ပြောကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးရောင်းပွဲတော်သို့ လာရောက်သူများနှင့်အတူ တေးသီချင်းများဖြင့် ဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)