စစ်ကိုင်း ဇန်နဝါရီ ၄
စစ်ကိုင်းခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ ကြီးမှူး၍ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာလင်းလင်းချစ်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကလေး၊ စံပြမိခင်ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားကာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသော်တာထက်က ပြိုင်ပွဲ၏ အမှတ်ပေးစည်းကမ်း (၁၁) ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ကလေးမွေးကင်းစမှ(၆)လအထိ၊ (၆)လမှ(၁)နှစ်အထိ၊ (၁)နှစ်မှ(၁)နှစ်ခွဲ အထိ၊ (၁)နှစ်ခွဲမှ (၂)နှစ်အထိ အသက်(၄) အုပ်စုခွဲ၍ ကလေး(၃၀)ဦး၊ စံပြမိခင်(၃၀)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသော ကလေးနှင့် စံပြမိခင်များအား တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)