ဆင်ပေါင်ဝဲမြို့နယ် မူလွန်-အမှတ်(၁)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီ အချိန်ကမြို့နယ်ပညာရေးမှူး ရုံးဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ပညာရေးမှူးရုံးမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဦးမြဇော်လင်းက အမှာစကား ပြောကြားပြီး အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က စုံညီပွဲတော် ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းကော်မတီ နာယက ဦးစိုးမိုးထွန်းက ရှေ့ဆက်ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ကျောင်းတွင်း စွမ်းရည်ပြိုင်ပွဲများနှင့် ကာယ၊ဉာဏဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တစ်ဦးချင်းအလိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တက်ရောက်လာသူများကို တေးသီချင်း အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ၊ ဆရာမများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)