ရွှေဘိုမြို့ အထက(၂)၌ မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ရွှေဘို   ဇန်နဝါရီ ၃    

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို နံနက်(၁၀) နာရီက ရွှေဘိုမြို့ အထက(၂) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက(၂) ကျောင်းသား၊ ကျောင်းသူများမှ "ပညာရေးစုံညီ"သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးဝင်းနိုင်က ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာ" ပညာရေးစုံညီပွဲတော်သည် ပညာရေးလုပ်ငန်းများအတွက် အရေးပါသော အခမ်းအနား တစ်ခုဖြစ်ကြောင်း၊ ပညာရေးစုံညီပွဲတော်များသည် ပညာရေးအရ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရလဒ် များကို မြှင့်တင်၍ အကောင်းဆုံးလေ့လာမှုများကို ဖော်ဆောင်နိုင်ကြောင်း" ပြောကြားခဲ့ပြီးနောက် ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်မှ ပညာရေးစုံညီပွဲ တော်အတွက် အမှာစကားပြောကြားရာ "ပညာရေးသည် လူ့အသိုင်းအဝိုင်းတစ်ခု၏ အခြေခံဖြစ်ကြောင်း၊ ပညာ‌‌ရေးသည် အမြဲတမ်းပြောင်း လဲနေသော ပတ်ဝန်းကျင်အရ နည်းပညာအဆင့်မြှင့်‌ရေး၊ လူ့စွမ်းအားနှင့်ဉာဏ်ပညာကို တိုးတက် ဖွံ့ဖြိးရေးအတွက်  အရေးကြီးကြောင်း၊ ပညာရေးကိုအခြေခံပြီး အနာဂတ်တွင် တိုးတက်ကောင်း မွန်အောင်ကြိုးစားကြရန်လိုကြောင်း" ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အဆင့်ပညာရေး ကဏ္ဍပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက "ကန့်လန့်ကာ ကြီးရယ် နေပါဦး" သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ "အလှကမ္ဘာ"သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ "လက်ခတ်သံ" သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အထက(၂) ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ဆရာ မများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း