ပန်းတနော်၊ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ အ.ထ.က-၁ ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို ကျောင်းသားကျောင်းသူများက "ကမ္ဘာအဆင့်မှီပညာရေး'' သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ငွေဌေးက တစ်နှစ်တာလုပ် ဆောင်မှုများ၊ ကျောင်း၏တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ချက်များနှင့် ရှေ့ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ဉာဏပြိုင်ပွဲများနှင့် စုံညီပွဲတော် အထိမ်းအမှတ် ကာယပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျောင်းအကျိုးတော် ဆောင် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် အလှူရှင်များကဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက အကပဒေသာ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြဖျော်ဖြေဧည့်ခံကြရာ တက်ရောက်လာကြသည့်ဧည့်သည်တော်များက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)