ချောင်းသာ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အ.ထ.က(ချောင်းသာ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ ရီက (စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီး အ.ထ.က(ချောင်းသာ)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစန်းက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပရခြင်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကို ကျင်းပရာ အတန်းလိုက်ပညာရည်ထူးချွန်ဆု၊ အထိမ်းအမှတ် နေ့များတွင် ကျင်းပခဲ့သည့် စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ ထူးချွန်အောင် သင်ကြား ပြသပေးခဲ့သော ဆရာ၊ ဆရာမများနှင့် စာသင်နှစ်တစ်နှစ်အတွင်း ကျောင်းပျက်ရက်မရှိ တက်ရောက် သင်ကြားခဲ့သော ဆရာ၊ ဆရာမများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်း လွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကပဒေသများဖြင့် ပျော်ရွှင်စွာဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)