အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံ ညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်

အမာ ဇန်နဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပညာရည်ချွန်ဆုပေးပွဲတွင် ပထမအစီအစဥ်အဖြစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းထူးချွန်ခဲ့ သောကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိ‌အောင် သင်ကြား ပေးသော ဆရာမများကို ဆုများပေးအပ်ခြင်းဖြစ်ရာ ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းမှ ဆုပေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကားပြောကြားခဲ့ပြီးနောက်  ဆုရရှိသော ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပိုင်း အစီအစဥ်အဖြစ် ပညာရေးစုံညီပွဲတော်နှင့်စျေးရောင်းပွဲများကို ကျင်းပခဲ့ရာ တေးပဒေသာအကများ၊ တေးသရုပ်ဖော်အကများ၊ တိုင်းရင်သားရိုးရာအကများ ဖြင့်ဖျော်ဖြေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပြခန်းလက်ရာများ ပြသထားမှုများကို စုံညီပွဲတော် တက်ရောက်လာသူများက ကြည့်ရှုလေ့လာအားပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့်ဇနီး၊ နယ်မြေ တပ်စခန်းမှ တပ်ရင်းမှူး၊ နယ်မြေရဲစခန်းမှ စခန်မှူးရဲအုပ်မိုးကျော်လွင်နှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)