ညောင်တုန်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော စစ်တုရင်ပြိုင်ပွဲတွင် လူသစ်တန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းနှင့် အလွတ်တန်းပြိုင်ပွဲများအလိုက် ကျင်းပရာ ဗိုဘ်လုပွဲစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားကျင်းပရေးကော်မတီဝင်များ၊ အသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)