ကြံခင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က (အ.ထ .က-၂) ကျောင်းဝန်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ(အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြား ရာတွင် ကျောင်းသား/သူများ အထိမ်းအမှတ်နေ့များကို မမေ့မလျော့သိရှိစေရန် ယခုလို ဟောပြောပွဲ များကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်ကလွတ်လပ် ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သောသမိုင်းကြောင်းများကို ရှင်းလင်းဟောပြော ပြီးနောက်၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင် ဒေါ်မျိုးသီတာမြင့်တို့က လွတ်လပ်ရေးဆိုသည်မှာနှင့် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့ သောစာချုပ်များကိုအသိ ပညာပေးဟောပြောကြသည်။
ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများ၊ (အ ထ က-၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၅၀)ဦးတက်ရောက်ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များပူးပေါင်းကာ (၇၇)နှစ်မြောက်၊လွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)