ပန်းတနော်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ

ပန်းတနော် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မေ့သည်းပန်းမူကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်အေးသီတာထက်က ကလေးပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလတ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဒေါ်ခိုင်ခိုင်ဝင်းမှ ပြိုင်ပွဲ၏ အမှတ်ပေးစည်းကမ်း(၁၁)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် မွေးကင်းစမှ ခြောက်လအထိ၊ ခြောက်လမှတစ်နှစ်အထိ၊ တစ်နှစ်မှ တစ်နှစ်ခွဲအထိ၊ ကလေးအမွှာမွေးဖွားသူ၊ သားကောင်းမိခင်ဆုစသော ပြိုင်ပွဲ၀င်(၂၅)ဦးကို အမျိုးအစား ၅ မျိုးခွဲခြားပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို တာ၀န်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြပြီး အကဲဖြတ်ဒိုင်များကိုလည်းအမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲ၀င်မိသားစုများ စုစုပေါင်းအင်အား(၆၅)ဦးတက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)