မင်းကင်း ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့၊ ပြည်သူ့အားကစားကွင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးထွန်းဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားကျောင်းသူအချင်းချင်းစည်းလုံးစေရန်၊ ပေါင်းစည်းကူညီတတ်စေ၊ ပညာရေးအတွက်သာ အဓိကမဟုတ်ပဲ ဗလငါးတန်ဖွံ့ဖြိုးစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားကာ အားကစားသမားများအား အသင်းလိုက် လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်က ဖူဆယ်ဘောလုံးကန်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပကြသည်။
အားကစားပြိုင်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်အားပေးကြပြီး ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ထုပ်စည်းထိုး၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ ဆန်ကောရွတ်ပြိုင်ပွဲ အားကစားနည်းငါးမျိုးကို ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ ၄ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)