နတ်တလင်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်သူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့သည်။
ဦးစွာ အ.ထ.က(နတ်တလင်း)ကျောင်းသား၊ ကျောင်းသူများမှ "စုံညီပွဲတော်ဒို့နွှဲပျော်"သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် သာဇီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်လွင်လွင်ကျော်မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကာယ၊ ဉာဏစွမ်းရည်ဆုများတွင် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)