ထားဝယ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှ စ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မွေးမြူရေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပသည်။
ရှေးဦးစွာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်မွေးမြူရေးတိရစ္တာန်များအား ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ပြိုင်ပွဲတွင်မွေးမြူရေးပြိုင်ရှင်များ နွားသိုး ၁၀ ကောင်၊ နို့စားနွားမ ၁၀ ကောင်၊ အသားတိုးဝက် ၁၄ ကောင်၊ ဆိတ်သိုး ၈ ကောင်၊ ဆိတ်မ ၁၂ ကောင်၊ ဆိတ်ထီး ၁၀ ကောင်အား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်လတ်