သရက်ချောင်းမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

သရက်ချောင်း ဇန်နဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ သူများအား ဖြန့်ဝေခဲ့သည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊  ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာများ၊ ဆောင်ပုဒ်များ၊ မှတ်တမ်းဓါတ်ပုံများ စသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)