ပေါက်ခေါင်း ဇန်နဝါရီ ၃
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပေါက်ခေါင်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော ကလေးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ မွေးစမှ (၆)လအတွင်းရှိ ကလေးများ၊ (၆)လမှ (၁)နှစ်အတွင်းရှိ ကလေးများ၊ (၁)နှစ်မှ (၁နှစ်၆လ)အတွင်းရှိ ကလေးများပါဝင်ယှဉ်ပြိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကလေးများအားကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများနှင့်လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ကျန်းမာရေးဝန်ထမ်းဆရာမက ဆုရွေးချယ်ပေးမှုအချက်အလက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုရရှိသည့် ကလေးများအား ဆုများချီးမြှင့်ပေးပြီး ပြိုင်ပွဲဝင်ကလေးများအတွက်လည်း အမှတ်တရလက်ဆောင်ပစ္စည်းများပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)