သနပ်ပင်မြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ

သနပ်ပင် ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဇီဇဝါ)ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(သနပ်ပင်)မှ ကျောင်းသားကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်"သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးစောဌေးဝင်းက မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကာယ၊ ဉာဏထူးချွန်ဆု စုစုပေါင်း(၁၅၀)အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ အဆိုပါ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အကများ၊ ပညာဝေစီသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)