ငဖဲ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် စောလျှင်စွာရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ငဖဲမြို့မ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဝေလင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါလက္ခဏာများ၊ တီဘီရောဂါအမျိုးအစားများ၊ တီဘီရောဂါအကြောင်း ဆောင်ရန်ရှောင်ရန် သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး မြို့မ(အ.မ.က) KG မှ Grade-5 ထိ ကျောင်းသား/သူများအား တီဘီရောဂါ ရှိ၊မရှိ စမ်းသပ်စစ်ဆေး၍ တီဘီအကျိတ်တွေ့ရှိရသော ကျောင်းသူများအား ကာကွယ်ဆေးထိုးဆောင်ရွက်ပြီး လိုအပ်သောဆေးဝါးများအခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)