ကော့ကရိတ်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့ကရိတ် ဇန်နဝါရီ ၃

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကော့ကရိတ်မြို့ အခြေခံပညာအထက်တန်း ကျောင်းများဖြစ်ကြသည့် အ.ထ.က (၁)၊ အ.ထ.က (၂) ကျောင်းများသို့ ယနေ့နံနက် ၉ နာရီက သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ အေးအတူပူအမျှ၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်းကဗျာနှင့် ကာတွန်း စသည့် အချက်များ ပါဝင်ပြီး မမေ့အပ်သည့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်‌နေ့ကို အစဉ်အမှတ်တရရှိနိုင်စေရေးအတွက် ကျောင်းသား/ သူများထံ လက်ဝယ်အရောက် အဆိုပါလက်ကမ်းစာ‌စောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)