ကံမမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ကံမ ဇန်နဝါရီ ၃

မကွေးတိုင်းဒသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် လွတ်လပ်ရေး၏ အနှစ်သာရများအား တန်ဖိုးထားသိမြင်နားလည်တတ်စေရေး၊ လွတ်လပ်ရေး၏ အမွေအား လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်တတ်စေရေးတို့ကိုရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက မျိုးရာဇာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၁၉၄၆-ခုနှစ် ဇန်နဝါရီ (၂၀) ရက် ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာကြီး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄.၁.၂၀၂၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့ အကြောင်းအရာများအား ရေးဖွဲ့ထားသော ကာတွန်း၊ ကဗျာများအား ထည့်သွင်းရေးဖွဲ့ အသိပညာပေးထားကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)