ကံမ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)၏ လမ်းညွှန်မှုဖြင့် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများတွင် တီဘီရောဂါ ရှိ၊ မရှိ စမ်းသပ်ခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)