ခမောက်ကြီး ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခမောက်ကြီးမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင်မှ မိမိတို့မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေမြတ်တစ်ရက်ဖြစ်သည့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များနှင့် ဗဟုသုတဖြစ်ဖွယ် လွတ်လပ်ရေးနေ့သမိုင်းကြောင်းများ ဟောပြောခဲ့ပြီးကျောင်းသား/သူ လူငယ်၊ လူရွယ်များ မိမိတို့နိုင်ငံ၏ အထင်ကရ နေ့ထူးနေ့မြတ်များကို အစဉ်အမှတ်ရစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အဆိုပါဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခမောက်ကြီး (ပြန်/ဆက်)