၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ​ဖြန့်ဝေ

ကမမောင်း ဇန်နဝါရီ ၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အေးအတူပူအမျှ၊ အသက်တမျှအရေးကြီးသည့်လွတ်လပ်ရေး၊ မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်းကဗျာနှင့် ကာတွန်းစသည့် အချက်များပါဝင်ပြီး မိဘပြည်သူများ၊ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)