နတ်မောက်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ

နတ်မောက် ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို  (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို (က)အုပ်စုတွင် အသင်းသား(၄)ဦးနှင့် (ခ)အုပ်စုတွင် အသင်းသား(၄)တို့ဖြင့် အုပ်စုခွဲဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲအသင်းအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း